Search

ဒီနေ့ ဩဂုတ် ၁၆ ရက်ကဖြူဖြူ့အဆိုတော်သက် ၁၇ နှစ်တင်းတ...

  • Share this:

ဒီနေ့ ဩဂုတ် ၁၆ ရက်ကဖြူဖြူ့အဆိုတော်သက် ၁၇ နှစ်တင်းတင်းပြည့်တဲ့နေ့ပေါ့🥰
၁၇ နှစ်လုံးလုံး ဘာအကြောင်းကြောင့်နဲ့မှအဆိုတော်ဘဝကိုလွှတ်မချရပဲ တစ်ရက်မပြတ် ဂီတကိုပဲရူးသွပ်ဖက်တွယ် ရှင်သန်ခွင့်ရလို့ ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုအထူးချီးမွမ်းသလို😇...ဖြူဖြူ့ကိုခုချိန်ထိမေတ္တာကြီးစွာနားလည်ပံ့ပိုးပေးတဲ့မာမီ၊ ဖေဖေနဲ့မမညို... ဖြူဖြူ့ဂီတ၊အနုပညာ၊သီချင်း၊စိတ်ဓာတ်၊ခံယူချက်နဲ့အတွေးအခေါ်၊ဖြစ်တည်မှုအသီးသီးကိုချစ်ခင်ယုံကြည်အားပေးကြတဲ့ပရိသတ်တစ်ယောက်ချင်းစီ...ဘာမှမဟုတ်ခင်မှာအနုပညာတစ်ခုတည်းကိုကြည့်ပြီးယုံကြည်စွာစင်တင်ပေးခဲ့တဲ့ Iron Cross ကအစ်ကိုဆရာများနဲ့... အဆိုတော်သက်တမ်းတစ်လျှောက်သူတို့ရဲ့အကောင်းဆုံးအနုပညာနဲ့ဖြူဖြူ့ကိုလက်တွဲပံ့ပိုးပေးခဲ့ဖူးသမျှလုပ်ဖော်ကိုင်ဖက်များအားလုံး...
​ကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်🙏

ဂီတသက်တမ်း ၁၇ နှစ်မှာ၂၀၂၀ ကတော့ COVID-19 နဲ့အတူ New Normal ရဲ့ပြောင်းလဲမှုတွေကြားဖြူဖြူအပါအဝင်အားလုံးအတွက်စိန်ခေါ်မှုတွေများလွန်းခဲ့ပါတယ်လေ🙄ဒါပေမယ့်ဒီစိန်ခေါ်မှုတွေကပဲဖြူဖြူ့ရဲ့ဂီတအနုပညာသည် ဘဝကိုပိုအဓိပ္ပာယ်ရှိလာစေတယ်လို့ခံစားရပါတယ်😊

တစ်သက်လုံးရင်းနှီးကျွမ်းဝင်ဆုံးဖြစ်ခဲ့တဲ့မြေပြင်က physical fandom အပြင် ခေတ်သစ်ရဲ့မရှိမဖြစ် virtual fandom ကိုပါစတင်အသက်သွင်းခွင့်ရတာကဖြူဖြူ့ကိုအဆိုတော်အသစ်တစ်ယောက်လိုအနုပညာခွန်အားအပြည့်နဲ့အသစ်တစ်ဖန်ပြန်လည်လန်းဆန်းတက်ကြွစေခဲ့တယ်😍
Covid ကာလအတွင်း single သီချင်း ၄ ပုဒ်(ဖြူဖြူ၊နင်မရှိပဲ၊ထွက်သွားပါတော့၊Private Dating)ထွက်နိုင်ခဲ့တဲ့အပြင်...အနှစ်နှစ်အလလပြင်ဆင်လာတဲ့ Cobra နဲ့စုံတွဲခွေ "သဝန်တိုတာအရမ်းချစ်လို့" ကို audio album CD ချပ်အဖြစ်ရော၊ 17th Anniversary celebration အဖြစ် online music platforms တွေမှာရောဒီနေ့တစ်ပြိုင်နက် တင်နိုင်ခဲ့တယ်😍
(ဖြူဖြူ့ကိုသိပ်မချစ်တဲ့သူတွေကတော့ဖတ်နေရင်းနဲ့ကိုယ်ရည်သွေးလိုက်တာလို့တွေးနေကြတော့မှာပဲ😁... ခဏသည်းခံနော်😜)
ပြီးတော့ဖြူဖြူ့ဘဝမှာတစ်ခါမှမဖြစ်ဖူးတဲ့ကိုယ်တိုင်ရေးကိုယ်တိုင်ဆိုအခွေတစ်ခုမွေးဖွားဖို့ကိုယ်ပိုင်သံစဉ်သီချင်းသစ်တွေလည်းတစ်ခွေစာရေးနိုင်လာခဲ့တယ်😍
အသက်အရွယ်ကပေးတဲ့ဉာဏ်ပညာနဲ့ရင့်ကျက်မှုတွေအပြင်...ကျန်းမာပျော်ရွှင်နုပျိုလှပယုံကြည်မှုပြည့်ဝနေဖို့အကျင့်ကောင်း၊စနစ်ကောင်း၊နည်းလမ်းကောင်း၊အတွေးကောင်းတွေကိုလည်းအခက်အခဲရင်ကွဲမှုတွေကြားကရခဲ့ပြန်တယ်😍
ပြီးတော့...ဖြူဖြူ့ဘဝမှာတစ်ခါမှမရဖူးတဲ့၊ တစ်ခါမှမမျှော်လင့်ဖူးတဲ့၊ ချစ်သူကတောင်မလုပ်ပေးနိုင်ဖူးတဲ့ လက်ဆောင်တွေရတယ်🥰အဲ့ဒီလက်ဆောင်တွေကလူတွေထင်သလိုပိုက်ဆံတန်ဖိုးကြီးတဲ့လက်ဆောင်တွေမဟုတ်ဘူး😌အချစ်တွေ၊မေတ္တာတွေ၊တန်ဖိုးထားမှုတွေ၊နားလည်မှုတွေ၊ယုံကြည်မှုတွေကနေဖြစ်လာတဲ့ကရိကထခံလုပ်ဆောင်ပေးမှုတွေကနေပေါ်ထွက်လာတဲ့လက်ဆောင်လေးတွေ😍(ဒီအကြောင်းက post တစ်ခုသက်သက်တင်ရဦးမှာ😁)

စာလည်းရှည်ပြီဆိုတော့...အနှစ်ချုပ်ရရင်...
ဒီနှစ်ပိုပျော်တယ်
ဒီနှစ်ပိုပြည့်စုံတယ်လို့ခံစားရတယ်
အဲ့ဒီအတွက်အရာအားလုံးကိုကျေးဇူးတင်ပါတယ်🙏😇
ပိုလည်းကြိုးစားနေပါ့မယ်😘

ချစ်တဲ့
ဖြူဖြူ


Tags:

About author
not provided
SINGER. PERFORMER. "THOU SHALT BE REMEMBERED "
View all posts